ဘာမှမသိသေးတဲ့ ကလေးလေး ဘ၀ကို တစ်ခါပြန်ပြီး ရချင်သေးတယ်။

တကယ်ကို ဘာမှ မသိသေးတဲ့ ကလေး ဘ၀ ဟာ အရမ်းကို ဖြူစင်ခဲ့တယ်။ ခုချိန်မှာ ကလေးဘ၀တုန်းကလို ဖြူစင်မှုမျိုးနဲ့ . . . လူတွေကို ဆက်ဆံကြည့်တယ်။ မရတော့ဘူး။ သူတို့ဘက်က ရိုးသားမှုမပေးနိုင်သလို . . ကိုယ့်ဘက်ကလည်း မယုံကြည်မှုနဲ့ ကာကွယ်မှု အမျိုးမျိုး ယူတက်လာတယ်။

မှတ်မိနေသေးတယ်။ ငယ်ငယ်လေး . . စကားပြောတက်ခါစ အဘွားနဲ့ နေစဉ်အခါကပေါ့။မြေးအဖွား၂ယောက်ထဲနေရတာ။ မနက်မိုးလင်းရင် . . လက်နဲ့ လှမ်းစမ်းလိုက်လို့ . . ဘေးမှာ အဖွားမရှိရင်. . . အော်ငိုတော့တာပဲ။"ပြန်လာ . .ပြန်လာ . . ဘေးမှာ ပြန်အိပ် . . .သမီးနဲ့ မှ တူတူပြန်ထရမယ် " ဆိုးခဲ့တာတွေပေါ့။ ခုတော့ လူကြီးဖြစ်နေပြီဆိုတော့ . . .အဲလို စိတ်ထဲရှိတဲ့ တိုင်းများပြောမိရင်. . ရူးသွားပြီလို့ ထင်ကြမယ်နော်။

နောက်တစ်ခုက . . .အိမ်ရှေ့မှာ ထိုင်ရင်းနဲ့ . . .ပိုးကောင်လေးတွေ ပက်လက်လန်နေတာတွေ့ရင် . . .အဖွားက သူတို့ကို ပြန်မှောက်ပေးလိုက်လေတဲ့ . . . ဒါဆိုရင်သမီးက ရုပ်ရှင်မင်းသမီးလေးလိုလှသွားမှာတဲ့။ဒါကြောင့် . . ပိုးကောင်လေးတွေတွေ့တိုင်း လိုက်လိုက်လှန်ပေးတယ်။ လှန်ပြီးမှ ပြန်မှောက်ပေးတယ်။ သိပ်မလှချင်ခဲ့ဘူးနော်။ ဒီလိုလုပ်လိုက်ရင် ဒါဖြစ်သွားမယ်ဆိုတာလဲ မသိခဲ့ဘူးလေ။

Tags: ခံစားချက်

ဝေမျှမယ် 

Tha Ka ရဲ့မှတ်ချက် Tha Ka on ဖေဖေါ်ဝါရီ 26, 2009 at 2:49pm
ဟုတ်လိုက်လေဗျာ။
ရှာပုံတော် ရဲ့မှတ်ချက် ရှာပုံတော် on ဖေဖေါ်ဝါရီ 26, 2009 at 7:22pm
ဟုတ်ပါတယ်
ဟုတ်ပြီးရင်းကို ဟုတ်တယ်
ငါလည်းပြန်လိုချင်တယ် ........

သုံးသပ်ချက်ပေးရန်

အခြားသူက သုံးသပ်ချက်ပေးရန်လိုအပ်နေသည်

ပေါင်းစည်း

Horoscope by စံ-ဇာဏီဘို
Till 31th December


WiNet
Internet Access
72st Bet: 29 & 30
Open Daily
9:00AM-11:00PM
Mandalay

Today Promotion
NOTHING SPECIAL!

Promotion Tomorrow (28.12.209)
ဆယ်နာရီ Member card ပြုလုပ်သူတိုင်း တော်ဝင်ထမင်းဆိုင်တွင် ထမင်းစားခွင့်လက်မှတ် ရပါမည်။
အ၀စား

Promotion ကို တစ်ရက်လျှင် ပုံစံတစ်မျိုး ပေးသွားပါမည်။

Promotion ကာလ
25th to 31th
2009 December




ရန်ကုန်ရှိ မောင်မယ်များ စာအုပ်လှူဒါန်းလိုသူတိုင်း အထက်ပါပုံကို ထောက်၍ စာရင်းပေးသွင်းနိုင်ပါသည်



မန္တလေးရှိ မောင်မယ်များ စာအုပ်လှူဒါန်းလိုသူတိုင်း အထက်ပါပုံကို ထောက်၍ စာရင်းပေးသွင်းနိုင်ပါသည်


တံမြတ်စည်း
တံမြတ်စည်းလှဲလိုသူတိုင်း အထက်ပါပုံကို ထောက်၍ စာရင်းပေးသွင်းနိုင်ပါသည်

Plastic မသုံးခြင်းဖြင့်
ကမ္ဘာမြေကိုကယ်တင်မယ်

© 2009   Created by ADMIN on Ning.   Create a Ning Network!

Badges  |  Report an Issue  |  Privacy  |  Terms of Service

Sign in to chat