ADMIN

မြန်မာသူငယ်ချင်းများနေ့ဖြစ်ပေါ်လာရခြင်းအကြောင်း

ကမ္ဘာ့သူငယ်ချင်းများနေ့သည် မေလ ငါးရက်နေ့ဖြစ်ပါသည်။
မြန်မာသူငယ်ချင်းများနေ့သည် ဒီဇင်ဘာလ ဆယ့်လေးရက်နေ့ဖြစ်ပါသည်။

မြန်မာသူငယ်ချင်းများနေ့ဖြစ်ပေါ်လာပုံမှာ
၂၀၀၅ ခုနှစ်တွင် ဆရာကောင်းသန့်(ဦးခင်မောင်ကြွယ်)၏ စာတစ်စောင်ရှိပါသည်။ ယင်းစာတွင် ဒီဇင်ဘာ ဆယ့်လေးရက်နေ့ကို မြန်မာသူငယ်ချင်းများနေ့အဖြစ် သတ်မှတ်ခဲ့ပါသည်။ မူလက မြန်မာသူငယ်ချင်းများနေ့ကို ဒီဇင်ဘာ ( ၄ ) ရက်နေ့အဖြစ် သတ်မှတ်ထားပါသည်။ သို့သော် ကျေနပ်မှုမရှိသေးပါသဖြင့် ဆရာစံဇာဏီဘိုထံသို့ သွားရောက်တိုင်ပင်ခဲ့ပါသည်။ ဆရာ စံဇာဏီဘိုမှ ( ၄ ) ရက်နေ့ သတ်မှတ်ရာတွင် ( ၄ ) ဂဏန်းသည် မကောင်းကြောင်း၊ ပိတ်မိနေကြောင်း၊ ပွင့်လင်းမှု မရှိကြောင်း၊ ရင်းနှီးမှု မရှိနိုင်ကြောင်းပြောပြီး နေ့ကောင်းရက်မြတ်ဖြစ်သော ဒီဇင်ဘာ ( ၁၄ ) ရက်ကသာ နက္ခတ်အရ ကောင်းကြောင်း၊ ရင်းနှီးမှုနိုင်ရှိကြောင်း၊ လူငယ်များနှင့် သင့်တော်မှုရှိ ကြောင်း အကြံပေးပြီး ဒီဇင်ဘာ ( ၁၄ )ရက်ကို မြန်မာသူငယ်ချင်းများနေ့ အဖြစ်သတ်မှတ်လိုက်သည်ဟူသောအကြောင်းများကိုပါ ထိုစာထဲ၌ ရေးသားဖော်ပြထားပါသည်။

ထိုကြောင့် ကျွန်တော်တို့အားလုံးသည် ဒီဇင်ဘာ ( ၁၄ ) ရက်နေ့ကို မြန်မာသူငယ်ချင်းများနေ့အဖြစ်သတ်မှတ်ကာ အသုံးပြုခဲ့ခြင်းဖြစ်ပါသည်။ ယခုအခါ မြန်မာသူငယ်ချင်းများနေ့ဟု သတ်မှတ်ပြီးနောက်တွင်မှာတော့ မြန်မာသူငယ်ချင်းများနေ့လေး ဖြစ်တည်လာသည်မှာ လေးနှစ်မြောက်ရှိခဲ့ပါပြီဖြစ်သည်။

သူငယ်ချင်းများနေ့ကို မေးခဲ့သော သူငယ်ချင်းများကိုယ်စား ဒီ http://www.myanmarfriendsday.comကို တည်ထောင်ပေးခဲ့ရင်း သူငယ်ချင်းများအားလုံး ဘ၀ခရီးကို သူငယ်ချင်းများစွာနဲ့ လက်တွဲလျှောက်လှမ်းနိုင်ပါစေလို့ ဆန္ဒမွန်ဖြင့် ဆုတောင်းပေးလိုက်ပါတယ်။

စာကြွင်း။ ။ မူရင်းစာအဟောင်းကို ၂၀၀၅ ကတည်းကရေးသားထားသဖြင့် ယခုအခါရှာဖွေရန်ခက်ခဲပြီး ကြိုးစားရှာဖွေခဲ့သော်လည်း မတွေ့ရှိခဲ့ပါ ၊ ထိုအတွက် နားလည်နိုင်ပါလိမ့်မည်။

လေးစားစွာဖြင့်
သူငယ်ချင်းများနေ့အဖွဲ့

Tags: သမိုင်း

ဝေမျှမယ် 

kay ရဲ့မှတ်ချက် kay on ဒီဇင်ဘာ 10, 2008 at 6:43pm
သြော် ဂလိုလား........သူငယ်ချင်းများနေ့ဖြစ်ပေါ်ခဲံ့ရတာ ဂလိုလား.......
မေနိုး ရဲ့မှတ်ချက် မေနိုး on ဒီဇင်ဘာ 10, 2008 at 8:03pm
ဟုတ်ကဲ့ ဘာပဲဖြစ်ဖြစ် သူငယ်ချင်းတွေ တွေ့ခွင့် ဆုံခွင့် ရတာကို .... ကျေးဇူးတင်ပါတယ် ရှင်
အဖြူရောင်နှင်းဆီ တစ်ပွင့် ရဲ့မှတ်ချက် အဖြူရောင်နှင်းဆီ တစ်ပွင့် on ဒီဇင်ဘာ 11, 2008 at 9:25am
aww .thank u for u r post.i really want to know what 14 is friendday.now i know.
ကျော်ဇေယျာဝင်း ရဲ့မှတ်ချက် ကျော်ဇေယျာဝင်း on ဒီဇင်ဘာ 14, 2008 at 9:47am
bar pa' phyit phyit friendsday so dar kaung par tal byar
528 love pop ( a yan phyu sin par tal )
su ye lin ရဲ့မှတ်ချက် su ye lin on ဒီဇင်ဘာ 14, 2008 at 10:05am
kaung tal naw thank ako
A mo ရဲ့မှတ်ချက် A mo on ဒီဇင်ဘာ 14, 2008 at 12:40pm
friendsdaygroup ကို တည်ထောင်ပေး တာ ကျေး ဇူးပါ..
မေခင်မွန်း ရဲ့မှတ်ချက် မေခင်မွန်း on ဒီဇင်ဘာ 14, 2008 at 1:50pm
The Best မှာတော့ သူငယ်ချင်းများနေ့အကြောင်း ဖတ်ဖူးတယ်
ပေါသွပ် ရဲ့မှတ်ချက် ပေါသွပ် on ဒီဇင်ဘာ 14, 2008 at 2:42pm
ဘာမှန်းမသိဘဲဝင်လာခဲ့ ပေမဲ့ အခုတော့ သိသွားပြီ ကိုဂျေကြီးရေ...
Kyi Pyar Thaung ရဲ့မှတ်ချက် Kyi Pyar Thaung on ဒီဇင်ဘာ 20, 2008 at 1:56pm
အကိုရေ ဒီနှစ် သူငယ်ချင်းများနေ့က ပျင်းခြောက်ခြောက်ပြီးသွားခဲ့တယ်
ဘာပဲဖြစ်ဖြစ် နောင်နှစ်တော့ happy friends day ပေါ့
jolie ရဲ့မှတ်ချက် jolie on ဒီဇင်ဘာ 28, 2008 at 11:17am
Hi nice too meet u fri!!

သုံးသပ်ချက်ပေးရန်

အခြားသူက သုံးသပ်ချက်ပေးရန်လိုအပ်နေသည်

ပေါင်းစည်း

Horoscope by စံ-ဇာဏီဘို
Till 31th December


WiNet
Internet Access
72st Bet: 29 & 30
Open Daily
9:00AM-11:00PM
Mandalay

Today Promotion
NOTHING SPECIAL!

Promotion Tomorrow (28.12.209)
ဆယ်နာရီ Member card ပြုလုပ်သူတိုင်း တော်ဝင်ထမင်းဆိုင်တွင် ထမင်းစားခွင့်လက်မှတ် ရပါမည်။
အ၀စား

Promotion ကို တစ်ရက်လျှင် ပုံစံတစ်မျိုး ပေးသွားပါမည်။

Promotion ကာလ
25th to 31th
2009 December




ရန်ကုန်ရှိ မောင်မယ်များ စာအုပ်လှူဒါန်းလိုသူတိုင်း အထက်ပါပုံကို ထောက်၍ စာရင်းပေးသွင်းနိုင်ပါသည်



မန္တလေးရှိ မောင်မယ်များ စာအုပ်လှူဒါန်းလိုသူတိုင်း အထက်ပါပုံကို ထောက်၍ စာရင်းပေးသွင်းနိုင်ပါသည်


တံမြတ်စည်း
တံမြတ်စည်းလှဲလိုသူတိုင်း အထက်ပါပုံကို ထောက်၍ စာရင်းပေးသွင်းနိုင်ပါသည်

Plastic မသုံးခြင်းဖြင့်
ကမ္ဘာမြေကိုကယ်တင်မယ်

© 2009   Created by ADMIN on Ning.   Create a Ning Network!

Badges  |  Report an Issue  |  Privacy  |  Terms of Service

Sign in to chat