သေရာပါအလွမ်း
ကျေးဇူးပြုပြီး ငါ့နာမည်ကို မခေါ်ပါနဲ့
သေရာပါအလွမ်းတွေနဲ့
အပြာရောင်ပင်လယ်ထဲမှာ
ချန်ထားခဲ့ပြီးမှတော့
ရက်လွန်နေတဲ့နင့်ရဲ့သစ်စာတရားတွေနဲ့
ငါ့နှလုံးသားမြို့ပြမှာ
တရားမ၀င်ဖြတ်သန်းခွင့်မပြုနိုင်ဘူး
နင့်ရဲ့ရွှေရောင်အနာဂတ်စီမံကိန်းမှာ
အရံမင်းသမီးအဖြစ်တော့မပါ ပါရစေနဲ့
အသည်းသာအနာခံလိုက်မယ်
လွဲနေတာတွေကိုပြန်မဆက်ချင်ဘူး
တက်နိုင်သလောက်ပေးဆပ်ခဲ့တာတွေကိုလဲ
အကြွေးအဖြစ်မသတ်မှတ်ပါဘူး
ဘုရားမှာဆုပန်ဖြစ်ရင်တော့
ဘ၀ဆက်တိုင်း နင်နဲ့ပြန်မဆုံချင်ဘူး. . . ။
ယု
Tags: ကဗျာ
ဝေမျှမယ်
အခြားသူက သုံးသပ်ချက်ပေးရန်လိုအပ်နေသည်
ပေါင်းစည်း