ငါ စိတ်ကူးကြည့်တယ်. . မကြာခဏဆိုသလိုပေါ့။
ဒါပေမဲ့ မဖြစ်နိုင်တာကို စိတ်ကူးယဉ်ကြည့်တာတော့မဟုတ်ဘူး ။ ဖြစ်နိုင်မဲ့ဟာလေးတွေကို ကြိုတွေးပြီး ဒီလိုလုပ်မယ်လို့ စိတ်ကူးကြည့်တာပါ။ ငါ့စိတ်ကူးတွေဟာ လက်တွေ့မှာ တစ်ထပ်တည်းမကျခဲ့ပေမဲ့ . . အားလုံးနီးပါး ဖြစ်လာတက်တယ်။ လုံးဝဖြစ်မလာတော့တဲ့ စိတ်ကူးလေး တစ်ခုအတွက်တော့ ငါ . . ဒီိနေ့အထိ နောင်တရနေတုံးပဲ။

အဲဒီစိတ်ကူးလေးအတွက် ခုထိ ဖြေဆည်ရာ မရသေးဘူး။ သတိရမိတိုင်း လွမ်းမိတိုင်းလည်းပဲ ငါ့ညာဘက် မျက်ဝန်းအိမ်က မျက်ရည်တွေ အခုထိ လူတွေမမြင်ရာမှာ ကျမိနေတုန်းပဲ။ အဲဒါ ဘာစိတ်ကူးလဲဆိုတော့ အသဲခြောက်နေတဲ့ ငါ့အဘွားကို ငါ့လခတွေစုပြီး အဆင့်မြင့်ဆေးရုံမှာ တင်မယ်။ ငါကိုယ်တိုင်ပြုစုမယ်။ အခုက စပြီး လိမ္မာပါတော့မယ်လို့ပြောပြမယ်။ အကြီးပီသတော့မယ်လို့ ကတိပေးမယ်။ အဲဒီစိတ်ကူးတွေကို ငါ့အဘွားအသဲအသန်ဖြစ်နေမှန်း ငါမသိသေးတဲ့ အချိန်မှာ ကူးလိုက်မိတယ်။

ငါ့စိတ်ကူးလေးက မန္တလေး ကနေ ရန်ကုန်ကို ပြေးဆွဲနေတဲ့ မြတ်မန္တလာထွန်းကားပေါ်မှာ ငါတွေးမိတဲ့ စိတ်ကူးလေးပေါ့။ ဒီတစ်ခေါက် ရန်ကုန်ကနေပြန်လာရင်တော့ ခွင့်ယူပြီး အဖွားအနားမှာပဲနေပြီး ပြုစုတော့မယ်ရယ်လို့ ငါ စိတ်ကူးထားခဲ့တယ်။ မုန့်တွေလဲ အများကြီး ၀ယ်လာခဲ့တယ်။ မန္တလေးပြန်ရောက်တော့ အဖေက ကားဂိတ်မှာလာကြိုတယ်။ ပြီးတော့ မုန့်ဆိုင်မှာ မုန့်ဝင်စားကြတယ်။ အဖေရယ် မစားတော့ပါဘူး အိမ်မြန်မြန်ပြန်ရောက်ချင်လို့ပါလို့ပြောတော့ အဖေက သမီး မုန့်တွေ အရင်ကုန်အောင်စားလိုက်ပါတဲ့ ။ ဒါနဲ့ ငါလဲ အဖေနဲ့ မငြင်းချင်တော့ပဲ ကုန်အောင် မြန်မြန်စားလိုက်တယ်။ နောက်တော့ အဖေက ဆိုင်ထဲမှာပဲ ငါ့ကို ပြောပြတယ်။ သမီး နင့်အဘွား ဆုံးသွားပြီတဲ့ ။ မနေ့ကပဲ သဂြိုင်္လလိုက်တယ်တဲ့။ ကဲ . . . ငါ ဘာတက်နိုင်တော့မှာလဲ။ ငါ ချက်ချင်းတော့ မငိုဘူး။ အဖေကတော့ ငါ့ကို နောက်မှာမဟုတ်ပါဘူး ။ ကဲပါ အဖေရယ် အိမ်ကိုမြန်မြန်ပြန်ပို့ပေးပါတော့လို့ပြောလိုက်ရတယ်။

အိမ်ရောက်တော့ . . အိမ်ကလူတွေက ငါ့မျက်နှာကိုပဲ တစ်ကြည့်ကြည့်နဲ့ပေါ့။ ငါကလဲ အထုပ်တွေဘာတွေချပြီး အဘွားအတွက်ဝယ်လာတဲ့ မုန့်တွေကို ငါပဲ ထိုင်စားပစ်လိုက်တယ်။ ပြီးတော့. . ငါ့မျက်ရည်တွေလဲ ဘယ်လိုမှ ထိန်းမရတော့ဘူး။ ငါငိုတယ်. . . ။ ဒါပေမဲ့ အသံက ဘယ်လိုမှ ထွက်မလာခဲ့ဘူး။ မဖြစ်နိုင်ဘူးလို့လဲ တွေးမိတယ်။ ငါသွားတာ ဘယ်နှစ်ရက်မှ မရှိသေးဘူး ။ ချက်ခြင်းကြီး ဘယ်လိုမှ မဖြစ်နိုင်ဘူး။

တစ်ချိန်က ဆိုးခဲ့ မိုက်ခဲ့တဲ့ အချိန်တုံးက တစ်ဟဲ့ ဟဲ့နဲ့ နောက်က လိုက်ပြီး ပွစိပွစိပြောနေနိုင်ခဲ့ပြီး . . အခု လိမ္မာပါတော့မယ်ဆိုမှ မရှိတော့ဘူးဆိုတာ . . . ငါ ဘာနဲ့ကျိန်ပြောပြော မယုံနိုင်ခဲ့တာ . . . အခုဆို တစ်နှစ်နဲ့ ၁လပြည့်သွားခဲ့ပြီ။

Tags: ခံစားချက်

ဝေမျှမယ် 

kyaw lin Aung ရဲ့မှတ်ချက် kyaw lin Aung on ဇန်န၀ါရီ 19, 2009 at 11:39am
Hi fir khin chin lot ya ma lar?
yezawmyint ရဲ့မှတ်ချက် yezawmyint on ဇန်န၀ါရီ 19, 2009 at 7:23pm
နောင်တမရအောင် နေပါသူငယ်ချင်းရယ် ကျွန်ုပ်လည်း သင့်ရဲ့အဖြစ်ကို သင်ခန်းစာယူပြီး ကျင့်ကြံပါ့မယ်

သုံးသပ်ချက်ပေးရန်

အခြားသူက သုံးသပ်ချက်ပေးရန်လိုအပ်နေသည်

ပေါင်းစည်း

Horoscope by စံ-ဇာဏီဘို
Till 31th December


WiNet
Internet Access
72st Bet: 29 & 30
Open Daily
9:00AM-11:00PM
Mandalay

Today Promotion
NOTHING SPECIAL!

Promotion Tomorrow (28.12.209)
ဆယ်နာရီ Member card ပြုလုပ်သူတိုင်း တော်ဝင်ထမင်းဆိုင်တွင် ထမင်းစားခွင့်လက်မှတ် ရပါမည်။
အ၀စား

Promotion ကို တစ်ရက်လျှင် ပုံစံတစ်မျိုး ပေးသွားပါမည်။

Promotion ကာလ
25th to 31th
2009 December




ရန်ကုန်ရှိ မောင်မယ်များ စာအုပ်လှူဒါန်းလိုသူတိုင်း အထက်ပါပုံကို ထောက်၍ စာရင်းပေးသွင်းနိုင်ပါသည်



မန္တလေးရှိ မောင်မယ်များ စာအုပ်လှူဒါန်းလိုသူတိုင်း အထက်ပါပုံကို ထောက်၍ စာရင်းပေးသွင်းနိုင်ပါသည်


တံမြတ်စည်း
တံမြတ်စည်းလှဲလိုသူတိုင်း အထက်ပါပုံကို ထောက်၍ စာရင်းပေးသွင်းနိုင်ပါသည်

Plastic မသုံးခြင်းဖြင့်
ကမ္ဘာမြေကိုကယ်တင်မယ်

© 2009   Created by ADMIN on Ning.   Create a Ning Network!

Badges  |  Report an Issue  |  Privacy  |  Terms of Service

Sign in to chat