ယုဇနမောင်

ပြောင်းလဲခြင်း တည်ဆောက်ခြင်း (နန္ဓာသိန်းဇံ မှ ကောက်နှုတ်ချက်)

အမှန်တရားဆိုတာ ပြောင်းလဲခြင်းကို ဆိုလိုတာပဲ မဟုတ်လားဗျာ ၊ လောကမှာ ဘယ်အရာမှ တည်ငြိမ်တာရယ်မရှိဘူး။ ပြောင်းလဲနေတယ် ၊ ပျက်စီးနေတယ် ၊ ရွေ့လျားနေတယ် ၊ ဖောက်ပြန်နေတယ် ၊ လောကမှာ တည်မြဲတဲ့ အရပ် ၊ တည်မြဲတဲ့ အရာရယ်လို့ မရှိပါဘူး။ ပြောင်းလဲနေတာတွေပဲ ရှိတယ်။ ပြောင်းလဲခြင်းဟာ အမှန်တရားပဲပေါ့။ တကယ့်အမှန်တရားပေါ့။

ရုပ် ဟူသမျှဟာလည်း ပြောင်းနေတယ် ၊ ရုပ်တွေဟာ မျက်တောင် တစ်ခတ် လျှပ်တစ်ပျက်အတွင်းမှာ ကုဋေငါးထောင်မက ချုပ်ပျက်နေတယ်လို့ဆို မဟုတ်လား ၊ စိတ်ရဲ့ ပျက်စီး ပြောင်းလဲမှုကတော့ ရုပ်ရဲ့ ပျက်စီးမှုထက်ပိုပီး မြန်မှာပေါ့။ လှိုင်းလေထန်ပြီး အဟုန်ပြင်းစွာနဲ့ စီးဆင်းရွေ့လျားနေတဲ့ မြစ်ကျော်ဟာ အဲဒီ ပြောင်းလဲခြင်းဆိုတဲ့ အမှန်တရားကို ပြောပြနေသလိုပဲ ၊ သင်္ခါရ ဓမ္မရဲ့ သဘောကို ဖော်ပြနေသလိုပါပဲ၊ ပြောင်းလဲမှုအစဉ်ကြီးထဲမှာ လူဟာ လိုက်ပါနေရတယ် ၊ လူ့ရဲ့စိတ်ရော ရုပ်ေ၇ာဟာလည်း ပြောင်းလဲနေလိုက်တာမှ မြင်တွေ့လို့များရရင် ကြောက်ရွံ့ထိတ်လန့်ဖွယ်ကြီးဖြစ်မှာပေါ့။

အရာရာဟာ ပျက်စီးပြောင်းလဲသွားမှာတော့ အမှန်ပဲပေါ့ ၊ ဒါပေမဲ့ ပျက်စီးပြောင်းလဲခြင်းတွေထဲမှာပဲ လူဟာ လုပ်သင့် လုပ်ထိုက်တာတွေ လုပ်နေရတာပဲ ၊ ကြိုးစားသင့် ကြိုးစားထိုက်တာတွေ ကြိုးစားရတာပဲ။ တည်ဆောက်ရမဲ့ဟာကို တည်ဆောက်ရမှာပဲ ၊ ပျက်စီးမဲ့အတူတူ ပြောင်းလဲသွားမယ့်အတူတူ ကြိုးစားနေလည်း အလကားပါပဲလို့ သဘောမထားသင့်ဘူးပေါ့ ။

Mark Twain နဲ့ သူ့တပည့် ကျော် အကြောင်းပေါ့ . . .

မတ်တွိမ်းက အပြင်ထွက်မလို့ ဖိနပ်စီးမယ်လုပ်တော့ ဖိနပ်မှာ ရွံ့တွေပေကျံနေတာ တွေ့ရတယ် ၊ သူ့တပည့်ကျော်က ဖိနပ်တိုက်မထားဘူးကိုး ၊ ဒါနဲ့ မတ်တွိမ်းက သူ့တပည့်ကို ဘာလို့ဖိနပ်တိုက်မထားတာလဲလို့မေးတော့ သူ့တပည့်က ဖိနပ်တိုက်ထားလည်း အလကားပေါ့ဆရာ ၊ ဒီလိုစိုစွတ်တဲ့ ရာသီမှာ ဆရာအပြင်ထွက်သွားလို့ ခဏကြာရင် ဖိနပ်က ရွှံ့တွေ ထပ်ပေလာဦးမှာပဲ လို့ ပြောတယ် ။ သူ့သဘောက ဖိနပ်ကို အခုတိုက်ချွတ်ထားလည်း ခဏကြာရင် ပေလာမယ့် အတူတူ အလကား အချည်းနှီးပဲဆိုတဲ့ သဘောပေါ့။

အဲဒီနေ့မှာပဲ ညစာစားချိန်ရောက်တော့ မတ်တွိမ်းရဲ့ တပည့်ကျော်က ထမင်းစားခန်းထဲ စားဖို့ဝင်လာတယ် ။ ဒါပေမဲ့ စားပွဲပေါ်မျာ သူစားဖို့ ဘာမျှ မကျန်ဘူး။ ဒီတော့ သူက ဆရာဆီသွားပြီး ဘာကြောင့် သူစားဖို့ ချန်မထားလဲ မေတော့ မတ်တွိမ်းက စားပြီးလို့ တော်တော်ကြာရင် မင်းပြန်ဆာလာဦးမှာပဲ မဟုတ်လား ၊ ဒီတော့ နောက်တစ်ခါ ဆာမဲ့တူတူ မင်းခုစားနေလည်း အလကားပဲလို့ ထင်လို့ကွာ လို့ပြောလိုက်သတဲ့ ။

အဲဒီတိုင်းပဲ တစ်နေ့နေ့ ပျက်စီးပြောင်းလဲသွားမဲ့ တူတူ လုပ်နေလဲ အလကားပဲလို့ ယူဆပြီး လုံ့လ ၀ီရိယ လျှော့နဲသွားရင် လောကမျာ ဘာမှဖြစ်ဖြစ်မြောက်မြောက် ရှိမှာမဟုတ်ဘူး ။

Tags: articles

ဝေမျှမယ် 

Aung Kyaw Oo ရဲ့မှတ်ချက် Aung Kyaw Oo on ဇန်န၀ါရီ 15, 2009 at 5:37pm
ွဆရာကြီးကို ကျွန်တော်ငယ်ငယ်ကတည်းက လေးစားတာပါ။ အရာရာမှာ အမြဲဖြစ်ပြောင်းသဘောတွေရှိနေပါတယ်။ လူလာဖြစ်တယ်ဆိုတာ ဒီဖြစ်ပြောင်းသဘောတရားတွေကို သိပြီး ပြောင်းလဲမှုအတိုင်းလိုက်ပြီး အကောင်းဆုံးဖြစ်အောင်ကြိုးစားနေထိုင်ရမှာပါ။ ဒီဖြစ်ပြောင်းက ကျိုးကြောင်းနဲ့အများကြီးဆက်စပ်နေပါတယ်။ ဖြစ်ပြောင်းဖြစ်နေတဲ့ လောကကြီးမှာ ပြောင်းလဲမှုကိုလိုက်ပြီး အကောင်းဘက်မှာ တိုးတက်လာအောင်မကြိုးစားနိုင်ဘူးဆိုရင် လောကမှာ ရှိသမျှလူတွေ ဆင်းရဲမှုအကျိုးပဲရမှာပါ။ အချိန်ကအမြဲသူဟာသူသွားနေတာပါ။ လူဟာဘာမှမလုပ်ပဲ ဖြစ်ပြီးပျက်မှာပဲဆိုတဲ့ အတွေးလေးတွေနဲ့ အေးအေးဆေးဆေးနေသွားမယ့်သူတွေဟာ လူကြီးတော့လူကြီးပေါ့။ အသက်တွေကြီးလာလို့လေ။ဒါပေမဲ့ ဆန်ကုန်မြေလေးတွေလေ။ ထမင်းကျတော့ဆာလာရင် စားတတ်ပြီး အလုပ်ကျတော့ လုပ်ပြီးရင် ပျက်မှာပဲဆိုတဲ့အတွေးတွေနဲ့ အပျင်းထူနေကြတော့။ ဆန်ကုန်ပြီး သူသေသွားတော့လည်း မတရားစားထားတာတွေ များလွန်းလို့ မြေကြီးလေးတာပေါ့။
ယုဇနမောင် ရဲ့မှတ်ချက် ယုဇနမောင် on ဇန်န၀ါရီ 16, 2009 at 9:38am
သုံးသပ်ချက်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်ရှင်။
ktwk ရဲ့မှတ်ချက် ktwk on ဇန်န၀ါရီ 18, 2009 at 5:55pm
hello sis nice 2 meet you par
Peace Boy (သို့) Lion Human ရဲ့မှတ်ချက် Peace Boy (သို့) Lion Human on ဇန်န၀ါရီ 21, 2009 at 2:01pm
အခုမှ အမှန်တရားကို နည်း2လေး သဘောပေါက်လာတယ်။
ဒီပိုစ့်လေးကိုကြိုက်လို့ ပရင့်ထုတ်ဖို့ ကော်ပီကူးသွားတယ်နော်။ ဖြစ်တယ်မဟုတ်လား။

သုံးသပ်ချက်ပေးရန်

အခြားသူက သုံးသပ်ချက်ပေးရန်လိုအပ်နေသည်

ပေါင်းစည်း

Horoscope by စံ-ဇာဏီဘို
Till 31th December


WiNet
Internet Access
72st Bet: 29 & 30
Open Daily
9:00AM-11:00PM
Mandalay

Today Promotion
NOTHING SPECIAL!

Promotion Tomorrow (28.12.209)
ဆယ်နာရီ Member card ပြုလုပ်သူတိုင်း တော်ဝင်ထမင်းဆိုင်တွင် ထမင်းစားခွင့်လက်မှတ် ရပါမည်။
အ၀စား

Promotion ကို တစ်ရက်လျှင် ပုံစံတစ်မျိုး ပေးသွားပါမည်။

Promotion ကာလ
25th to 31th
2009 December




ရန်ကုန်ရှိ မောင်မယ်များ စာအုပ်လှူဒါန်းလိုသူတိုင်း အထက်ပါပုံကို ထောက်၍ စာရင်းပေးသွင်းနိုင်ပါသည်



မန္တလေးရှိ မောင်မယ်များ စာအုပ်လှူဒါန်းလိုသူတိုင်း အထက်ပါပုံကို ထောက်၍ စာရင်းပေးသွင်းနိုင်ပါသည်


တံမြတ်စည်း
တံမြတ်စည်းလှဲလိုသူတိုင်း အထက်ပါပုံကို ထောက်၍ စာရင်းပေးသွင်းနိုင်ပါသည်

Plastic မသုံးခြင်းဖြင့်
ကမ္ဘာမြေကိုကယ်တင်မယ်

© 2009   Created by ADMIN on Ning.   Create a Ning Network!

Badges  |  Report an Issue  |  Privacy  |  Terms of Service

Sign in to chat