အမတစ်ယောက်ပြောဖူးတဲ့ စကားလေးပါ . . . ကိုယ်ချင်းစာကြည့်ဖို့ဆိုတာ တကယ်မလွယ်ပါဘူးတဲ့ . . သူချင်းစာကြည့်ဖို့ပဲ အရင်ကြိုးစားကြည့်ပါအုံးတဲ့. . .။ တွေးကြည့်တော့လဲ ဟုတ်တာပဲနော် ။ ဥပမာ - လူတစ်ယောက်နာကျင်ခံစားနေရတယ်ဆိုပါဆို့ ။ ဒါကို ကိုယ်က ဘေးကနေ အားပေးတော့မယ် . . "အေးဟာ နင်ဘယ်လိုခံစားရမယ်ဆိုတာ နင့်ကို ကိုယ်ချင်းစာပါတယ် . . " ပြောလိုက်တော့ လွယ်လွယ်လေးနော် . . ဒါပေမဲ့ တကယ်တမ်း ကိုယ်က ဒီခံစားချက်ကို ခံစားဖူးခဲ့တယ်ဆိုရင်တောင်မှ သူခံစားနေရတဲ့အချိန်မှာ ကိုယ်ခံစားနေရတဲ့ အချိန်မဟုတ်ရင် ကိုယ်ချင်းစာခြင်းက ရာခိုင်နှုန်းပြည့်ဖြစ်ပါ့မလားနော်။ စဉ်းစားမိတာလေးပါ။
တစ်ချိန်တုန်းက ကိုယ်လေးစား အားကျ အတုယူရတဲ့ အမတစ်ယောက်ရဲ့ အပြုံးကို သိပ်ပြီး ဘ၀င်မကျခဲ့တဲ့ အချိန်တွေ ရှိခဲ့ဖူးတယ်။ အခုတော့ ကိုယ် ကိုယ်တိုင် ပြုံးမိနေတဲ့ အချိန်မှာ သူ့ကို သိပ်ပြီး သတိရတယ်။ ပြေးပြီးတော့လဲ ပြောပြလိုက်ချင်တယ် ။ အခုတော့ ကိုယ်ချင်းစာတက်နေပါပြီလို့ပေါ့။
အမှတ်အသား
ဝေမျှမယ်
အခြားသူက သုံးသပ်ချက်ပေးရန်လိုအပ်နေသည်
ပေါင်းစည်း