ကမ္ဘာဦးလူဟာ မျက်နှာနှစ်ခု ၊ လက်လေးခု ၊ ခြေလေးချောင်းရှိသတဲ့။

အဲသည် လူရဲ့ ခန္ဓာကိုယ်က မတ်မတ်ရှိတယ်။ လုံးတယ်။ မျက်နှာတွေက အချင်းချင်း ဆိုင်နေတယ်။ မျက်နှာချင်းဆိုင် ရှိတယ်ပေါ့။

လမ်းလျှောက်တဲ့အခါ လူဟာ မတ်မတ်လျှောက်ပေမဲ့ ပြေးတဲ့အခါ လက်လေးခုကို ထောက်ပြီး သစ်တုံးလိမ့်သလို ပြေးတယ်။

အဲသည် လူဟာခွန်အားကြီးသလောက် အလိုရမ္မက်လည်းကြီးတယ်။ နတ်တွေနေရာတက်ပြီး ထိုးစစ်ဆင်ဖို့လည်း ကြိုးစားတယ်။

အဲဒီလိုဆိုတော့ . . .
နတ်တွေရဲ့ အကြီးအမှုးဖြစ်တဲ့ ဇု (Zues) နတ်မင်းကြီးနဲ့ တခြားနတ်ဒေ၀ါတွေက လူကို ထိတ်လန့်ကြတယ်။ ကြောက်ကြတယ်။

ဒါနဲ့ နတ်သဘင်အစည်းအဝေးကြီး ခေါ်ပြီး လူ ကိစ္စကို ဆွေးနွေးပွဲ ကျင်းပကြတယ်။ အဲသည် အစည်းအဝေးမှာ နတ်အများအပြားက ဘယ်လိုအကြံပြုသလဲဆိုတော့ လူ သတ္တ၀ါ တွေကို နတ်လက်နက်နဲ့ ပစ်သတ်ဖြိုခွင်းမယ်လို့ အကြံပြုကြတယ်။ တစ်ချို့ကတော့ သတ်ပစ်လို့ မဖြစ်ဘူး။ လူတွေကို အကုန်သတ်ပစ်လိုက်ရင် နတ်ဒေ၀ါ ကျုပ်တို့ကို ပူဇော်ပသမည့်သူများ မရှိကြတော့တဲ့ အဖြစ်ကိုရောက်သွားနိုင်တယ်။ ဒါကြောင့် အကုန်ပစ်သတ်ဖြိုခွင်းလို့ မဖြစ်သေးဘူး။

ဇု (Zues) နတ်မင်းကြီးနဲ့ တကွ နတ်တွေက အပြန်ပြန် အလှန်လှန် တိုင်ပင်ဆွေးနွေးကြပြန်တယ်။ နောက်ဆုံးမှာ ဇု နတ်မင်းကြီးက ဘာပြောသလဲဆိုတော့

နတ်အပေါင်းတို့ ငါတို့သည် လူသတ္တ၀ါတွေကို သတ်စရာမလို။ လူကို အားနည်းအောင် ပြုလုပ်နိုင်လျှင် ငါ တို့ကို အနှောက်အယှက် ပေးနိုင်ကြမည်မဟုတ်။ လူကို အားနည်းသွားအောင် မည်သို့ပြုလုပ်ရမည်နည်းဆိုလျှင်

ခြေလေျးောင်း ၊ မျက်နှာနှစ်ခု ၊ လက်လေးချောင်း ရှိနေသော လူ၏ခန္ဓာကိုယ်ကို ထက်ခြမ်း ခွဲလိုက်ရန်သာဖြစ်သည်။

ထိုသို့ ပြုလုပ်လျှင် လူသတ္တ၀ါတွေလည်း မပျက်မစီး ၊ ငါတို့လည်း အေးချမ်းမည်။ ထိုမျှမကသေး လူဦးရေလည်း တိုးလာနိုင်မည်ဖြစ်သောကြောင့် ငါတိုသည် ယခင်ကထက်ပင်ပိုပီး အပူဇော် အပသကို ခံကြရမည်။

လူဟာ သူ့ဘ၀ သူ့ခန္ဓာကိုယ်က အခွဲခံလိုက်ရတဲ့ အခြမ်းကို သိပ်တွေ့ချင်တယ်။ တွေ့ဖို့ သိပ်တောင့်တတယ်။ ဒါကြောင့် သူ့ကိုယ်က အခွဲခံလိုက်ရတဲ့ အခြမ်းကို အမြဲလိုက်လံရှာဖွေနေတယ်။ ဟုတ်မှာပေါ့။အခွဲခံလိုက်ရတဲ့ အခြမ်းကလည်း သူ့ဆီက အခွဲခံရတဲ့ အခြမ်းကို ပြန်ပြီး တွေ့ချင် ၊ ဆုံချင် မြင်ချင်မှာပေါ့။ သည်တော့ အမြဲရှာနေမှာပါပဲ။

ရှာလို့တွေ့တဲ့အခါ တစ်ခြမ်းက တစ်ခြမ်းကို မခွဲနိုင် မခွါရက် ပွေ့ဖတ်ထားကြတယ်။ ချစ်ခြင်းမေတ္တာဆိုတာ ပွေ့ဖတ်ခြင်းလို့ ဆိုရမလားပဲ။

ကျွန်မလည်း ကျွန်မ အခြမ်းကို လိုက်ရှာခဲ့တာပေါ့။ ဒါပေမဲ့ . . . ၀မ်းနည်းဖို့ကောင်းတာက အခြမ်းမှားကိုချည်း တွေ့ခဲ့ရတယ်။ ကိုယ့်အခြမ်းလို့ပဲ ထင်မိလိုက် ယုံစားမိလိုက်မိတယ်။ မဟုတ်မှန်း သိလာလိုက်တာနဲ့ စိတ်ညစ်ခဲ့ရတယ်။

ဇု နက်မင်းကြီး ကြားနိုင်တယ်ဆိုရင်တော့ အော်ပြောလိုက်ချင်တယ်။ နက်မင်းကြီးရယ် ခွဲခြမ်းစိတ်ဖြာလိုက်တုန်းက တကယ်ဆို သူ့ကိုယ်မှာ သိသာတဲ့ အမှတ်အသားလေး တစ်ခုခုတော့ ရေးမှတ်ပေးလိုက်ပါလားလို့ ၊ လက်မှတ်လေး တစ်ချက်တော့ ထိုးပေးပါလားလို့ ၊ အခုတော့ ရက်စက်လွန်းတယ် ။

Tags: story

ဝေမျှမယ် 

wkthu ရဲ့မှတ်ချက် wkthu on ဇန်န၀ါရီ 14, 2009 at 3:58pm
တစ်နေ့တော့ ကိုယ်အခြမ်းတွေ့မှာပေါ့.....အခြမ်းမှန်ကိုမတွေ့သေးသရွေ့ ကိုယ်တစ်ခြမ်းထဲက ပိုကောင်းတယ် ထင်တယ်........:|
songhinnphyu01သီ ရဲ့မှတ်ချက် songhinnphyu01သီ on ဇန်န၀ါရီ 15, 2009 at 2:41pm
အင်း တွေ့နိုင်ပါစေလို့ ဆုတောင်းလိုက်ပါတယ်..အစ်မကလဲ..
ကိုယ်အခြမ်းကိုတောင် မသိတော့ဘူးလာ.။။သေချာမှတ်ထားလေ...အခုခေတ်က အတုအယောင်တွေများတယ်
အစ်မရဲ့
nyi nyi aung ရဲ့မှတ်ချက် nyi nyi aung on ဇန်န၀ါရီ 19, 2009 at 12:18pm
ကျွန်တော်လည်း စာရေးထားတဲ့ အကြောင်း၇ာကောင်းပါတယ်
ငါလည်း မတွေ့သေးဘူး
ဒါပေမယ့် တခြား ခြမ်းကြီး အပြစ်တယ်နေတာတော့ မကောင်းဘူး
ငါလည်းဖြစ်ခဲ့ဖူးတာပဲ { ငါကတယောက်တည်း မှ တစ်ယောက်တည်း ]

ကံ ကောင်းပါစေကွာ

သုံးသပ်ချက်ပေးရန်

အခြားသူက သုံးသပ်ချက်ပေးရန်လိုအပ်နေသည်

ပေါင်းစည်း

Horoscope by စံ-ဇာဏီဘို
Till 31th December


WiNet
Internet Access
72st Bet: 29 & 30
Open Daily
9:00AM-11:00PM
Mandalay

Today Promotion
NOTHING SPECIAL!

Promotion Tomorrow (28.12.209)
ဆယ်နာရီ Member card ပြုလုပ်သူတိုင်း တော်ဝင်ထမင်းဆိုင်တွင် ထမင်းစားခွင့်လက်မှတ် ရပါမည်။
အ၀စား

Promotion ကို တစ်ရက်လျှင် ပုံစံတစ်မျိုး ပေးသွားပါမည်။

Promotion ကာလ
25th to 31th
2009 December




ရန်ကုန်ရှိ မောင်မယ်များ စာအုပ်လှူဒါန်းလိုသူတိုင်း အထက်ပါပုံကို ထောက်၍ စာရင်းပေးသွင်းနိုင်ပါသည်



မန္တလေးရှိ မောင်မယ်များ စာအုပ်လှူဒါန်းလိုသူတိုင်း အထက်ပါပုံကို ထောက်၍ စာရင်းပေးသွင်းနိုင်ပါသည်


တံမြတ်စည်း
တံမြတ်စည်းလှဲလိုသူတိုင်း အထက်ပါပုံကို ထောက်၍ စာရင်းပေးသွင်းနိုင်ပါသည်

Plastic မသုံးခြင်းဖြင့်
ကမ္ဘာမြေကိုကယ်တင်မယ်

© 2009   Created by ADMIN on Ning.   Create a Ning Network!

Badges  |  Report an Issue  |  Privacy  |  Terms of Service

Sign in to chat