
ကြယ်တွေကြွေတဲ့ညမှာ
မင်းကိုတမ်းတမိတာ
ဗာဒံပင်အောက်မှာပေါ့ ။ . . .
အဝေးဆီက
ဆိတ်ဖလူးပန်းရနံ့တွေဟာ
လရောင်တန်းတွေကိုခိုစီးရင်း
အဖော်မစုံသူ ကိုယ့်ထံ
အလွမ်းတွေ လျှံစေခဲ့တယ်။ . . .
အဖော်ကွဲနေတဲ့ ငှက်ကလေးတစ်ကောင်
အိပ်တန်းတောင် မပျံနိုင်ရှာဘူး
နှင်းရည်စိုလက်
ဗာဒံရွက်တွေထဲ
မြတ်နိုးဖော်ကို ရှာနေတယ်ထင်ပါ့။
တစ်ခြမ်းပဲ့လမင်းလည်း
ငွေရောင်တွေကြဲပက်ဖို့
အိမ်ခေါင်မိုးထက်ကို ရောက်လာခဲ့ပြီလေ။ . . .
ဒီလိုညမျိုးမှာ
အိပ်စက်ခြင်းကို မေ့နေတဲ့ငါ
တွေးမိသမျှဟာ
မင်းအကြောင်းတွေချည်းပါပဲ။. . .
.....

အချစ်ဆုံး မ ........သွေဖီဝေးကွာနယ်မြေခြားလည်း သတိရစိတ်တွေ လွမ်းစိတ်တွေက
မ အပေါ်မှာပဲသက်ရောက်တာလား........။
မြူနှင်းဝေတဲ့နံနက်ခင်းတစ်ခုမှာ
ချစ်သူပုံလေးထုတ်ကာကြည့်ရင်း
ပါးပြင်းလေးကိုနမ်းနေမိတယ်........။
ရင်မှာအချိန်ပြည့်နာရီတိုင်းဝယ်
မ နဲ.တွေ.ဖို.စောင့်မျှော်နေတယ်......
လွမ်းရဝေဒနာတိုးတိုးရင်းနဲ.
မောင့်ရဲ.အချစ်ကမ္ဘာအတွေးလေးထဲမှာ
မ က၀င်ရောက်ခိုအောင်းနေပြီ.......
ကျောက်သားတွေလိုထုဆစ်ထားတဲ့
မောင့်ရဲ.နှလုံးသား
မ နဲ.တွေ.မှအရည်ပျော်သွားပြီ......
နေခြည်ထိုးတဲ့ပန်းကလေးတွေတောင်
မောင့်ရဲ.ဝေဒနာသိကုန်ကြပြီ.......
နာကျင်မှုရဲ.ဟိုးအဝေးတစ်ဖက်မှာ
ပျော်ရွှင်ခြင်းတွေအများကြီးရှိမည်......။
အဝေးမြေသို.တမ်းတရင်းနဲ.
မောင့်ရဲ.အသည်းတွေကြွေလုမတတ်ပေါ့
ဖူးစာဆုံတော့ မလွှဲမရှောင်ဘဲ
မ ကိုထာဝရချစ်တော့မယ်.........။
...........

....... ဇာတ်သိမ်းမကောင်းသောပြဇာတ် မချစ်ချင်နေပါ
အပြစ်တွေနင်မြင်တော့
အမှန်တွေပြင်ချင်သေးတဲ့
ငါ့ကိုငါလည်းမုန်းနေပါပြီ...
သခင်မှတ်လို့
ပုံအပ်မိတဲ့ငါ့အတိတ်အတွက်
ကျွန်အဆင့်တောင်နင့်ခေါင်းတည်းမှာမရှိဘူးဆိုတာ
အခုမှ ငါသိခဲ့ရတယ်
အနေဝေးရင်သွေးအေးတယ်တဲ့
ဟုတ်မှာပါ.....
မတွေ့ရတဲ့ဒီတစ်ရက်
ပြောင်းလဲသွားတဲ့ကံတရားကိုပဲ
ရိုးမယ်ဖွဲ့လို့ အပြစ်တင်လိုက်ပါတော့မယ်....
နင်နဲ့ကခဲ့တဲ့ဒီပြဇာတ်
ဇာတ်သိမ်းကတော့ သိပ်မလှဘူးနော်........

................................... သာ ရာ လှ ပ ပြီး ထွန်း လင်း နေ တဲ့ လ ရောင် အောက် မှာ
စိတ် ပျက် ပျက် နဲ့  လမ်း လျှောက် ရင်း ခေါင်း မော့ ကြည့် လိုက် တဲ့ အ ခါ
ကြယ် လေး တွေ က ပြော တယ်
စိတ် မ ပျက် နဲ့  က လေး ရယ် ပျော် ပျော် နေ ပါ တဲ့....
သစ် ပင် အောက် က ခုံ တန်း လေး မှာ ထိုင် ရင်း
မင်း မျက် နှာ များ တဲ့ အ ကြောင်း စဉ်း စား ရင်း
စိတ် တေ လေ နေ တဲ့ အ ခါ
သစ် ပင် ပေါ် က ငှက် က လေး တွေ က ပြော တယ်
စိတ် မ ပျက် နဲ့  က လေး ရယ် ပျော် အောင် နေ ပါ တဲ့....
တ ခါ တ ရံ ဘ ၀ ကြီး ကို စိတ် ညစ် ညစ် နဲ့ 
ရေ ချောင်း လေး ဘေး လမ်း လျှောက် နေ တဲ့ အ ခါ
ရေ ရိုက် ခတ် သံ လေး တွေ က ပြော တယ်
စိတ် မ ပျက် နဲ့  က လေး ရယ် ချောင်း ရဲ့ တ ဘက် ခြမ်း မှာ
မြက် ခင်း တွေ က စိမ်း စို ပါ တယ်
က လေး ရယ် ပျော် ပျော် နေ ပါ ကွယ် တဲ့.....
မိုး ကောင်း ကင် ကြည် ပြာ ပြာ အောက် မှာ
မင်း အ ဆိတ် ခပ် သွား တဲ့ တို့  နှ လုံး သား လေး
ငို ယို နေ တဲ့ အ ခါ
နေ မင်း ကြီး က ပြော တယ်
က လေး ရဲ့ မျက် ရည် ကျ လောက် သည် ထက်
သူ ဟာ အဲ လောက် တန် ဖိုး မ ရှိ ပါ ဘူး တဲ့
မ ငို ပါ် နဲ့  က လေး ရယ် လူ့  ဘ ၀ ကြီး ကို ပျော် အောင် နေ ပါ တဲ့....






ရည်းစားထားခြင်း
----------------------
ရင်ခုန်မိသူရဲ့
ရည်းစားထားခြင်းကို
ငါ-ဘာသာမပြန်တတ်ခဲ့ဘူး။
အထင်တစ်ခုကို
အမြင်နဲ့ ပေါင်းပြီး
လှတယ် ဆိုတိုင်းငါချစ်လိုက်တာ
ရင်ဘက်ထဲကနှလုံးတွေ
စုတ်ပြတ်သတ်ကုန်မှပဲ
အချစ်ကို ငါနားလည်ခဲ့တယ်။
ဘယ်ရောက်နေမှန်းမသိတဲ့
အချစ်ဦးကို .........
တိုင်တည်ပြီးပြောချင်ခဲ့တာက
ငါ-အချစ်ဆူးခဲ့တယ်ဆိုတာပါ။
နှင်းဆီရဲ့ဆူးတွေကို
ကဗျာဆရာတစ်ယောက်လို
ငါ-မတင်စားနိုင်တာက
ငါ့နှလုံးသားလိပ်ပြာမင်းရှေ့ မှာ
ဒူးထောက်ခဲ့လို့ ပါပဲ။ ။
Comment Wall (54 comments)
You need to be a member of မြန်မာသူငယ်ချင်းများနေ့ to add comments!
ပေါင်းစည်း
ပြန်လိုက်လည်ပါတယ်
နောက်လည်းလာလည်ပါနော်..
how r u fri?
good luck naw!!!!
nay kg par tel
lar lel ter thank you
ကဗျာလေး တွေလာဖတ်သွားတယ် ..
Friends18.com Flower Comments
တို့ ဆီလည်း လာလည်ပါ
fri
how r u? i think u will be
bye
where have u been?
how is your world & life?
Friends18.com Friends Forever
View All Comments