Tha Ka
  • 21, အမျိုးသား
  • yangon(taunggyi)
  • မြန်မာ
ဝေမျှမယ် 

Tha Ka's သူငယ်ချင်းများ

Music

အလုပ်လုပ်နေသည်
 

Tha Ka's နေရာ

Latest Activity

ကောင်းလိုက်တာဗျာ။တော်တော်မိုက်တယ်ဗျာ။ဘာနဲ့မှကိုမတူဘူးနော်။ခင်ဗျားကြီးကတော်တော်တော်တဲ့လူလို့သတ်မှတ်ထားတာကြာပီတကယ်လဲတော်ပါတယ်ဗျာ။အားပေးတယ်နော့်။
13 hours ago
သောကြာက
ဒီဇင်ဘာ 12
Lyrics left a comment for Tha Ka
ဒီဇင်ဘာ 5
အင်း မိုက်တယ် သို့သော် အရင်လိုတွေပြန်ဖစ်ကုန်ပီ အသည်းချည်းကွဲမနေနဲ့ဟ
ဒီဇင်ဘာ 5
ကဗျာလေးကောင်းပါတယ်
နိုဝင်ဘာ 24
ရူးစေ.....
နိုဝင်ဘာ 24
လန်းတယ်ဟး)း)
နိုဝင်ဘာ 24

Profile Information

သူငယ်ချင်းဆိုတာ ?
google

Tha Ka's ဓာတ်ပုံများ

အလုပ်လုပ်နေသည်

Tha Ka's ဘလော့

Tha Ka

တိုးတိုးလေး.....တကယ်တိုးတိုးလေးပါ

မင်းအလှကိုရေးခြစ်ခွင့်မရှိရင်တောင်
အနားသတ်ဘောင်ခတ်ထားခွင့်ရှိပါရစေ.......
မင်းနှုတ်ခမ်းကိုနမ်းရှိုက်ခွင့်မရှိရင်တောင်
ရင်ခုန်ခွင့်ရှိပါရစေ........
မင်းလက်ကိုတွဲထားခွင့်မရှိရင်တောင်
မတော်တဆထိခွင့်ရှိပါရစေ.......
မင်းရင်ခွင်ကိုဖက်ထားခွင့်မရှိရင်တောင်
အနီးကပ်ခွင့်ရှိပါရစေ........
မင်းဘ၀ထဲဝင်လာခွင့်မရှိရင်တောင်
ဖြတ်လျှောက်ခွင့်ရှိပါရစေ.....
မင်းကိုချစ်ခွင့်မရှိရင်တောင်
အိမ်မက်မက်ခွင့်ရှိပါရစေ........
နောက်ဆုံး..
ချစ်ခွင့်မရှိဘဲချစ်မိသွားရင်တော့
တိတ်တိတ်လေးရူးသွပ်ခွင့်ရှိပါရစေ
ချစ်သူ.............

Posted on နိုဝင်ဘာ 23, 2009 at 8:48pm — 5 Comments

Tha Ka

ပြင်ဆင်ခွင့်

လူခြေတိတ်အရိပ်မဲ့
အိပ်စက်ကောင်းနေတဲ့ညကမ္ဘာမှာ
ယိုင်နဲ့နဲ့မီးအိမ်ငယ်နံဘေး
ယိုင်နဲ့နဲ့စိတ်ဓာတ်ကိုအစားကျွေး
ယိုင်နဲ့နဲ့ရုပ်ကလဒ်ကိုမွေးမြူနေတဲ့
ငါ....................
အတိတ်ရဲ့ကံအကြောင်းတရားကြောင့်
အသံကောင်းဟစ်ရင်ဟစ်နိုင်တဲ့
ငါ့အသိုင်းအ၀ိုင်း....ငါ့စည်းစိမ်
ငါ့မိဘ....ငါ့ဂုဏ်ဒြပ်နဲ့
ငါ့အမုန်းဆုံးငါတို့ရဲ့သိက္ခာ................
အရောင်သင်းနေတဲ့မင်းဆွေမျိုးကြောင့်
အရောင်ဟပ်နေတဲ့ငါ့ချစ်သူ
မင်းဖြူစင်ကြောင်း..
ငါဘယ်လိုပြောရမလဲ
ငါဘယ်လိုသက်သေပြရမလဲ
မိဘနဲ့သားသမီး
ငရဲကြီးတာပဲအဖတ်တင်တယ်................
ငါ့အချစ်ကို… ဆက်လက်ဖတ်ရှုရန်

Posted on နိုဝင်ဘာ 19, 2009 at 5:22pm — 9 Comments

Tha Ka

စိတ်စေရာ

အလင်းရောင်တွေကျဆင်း
အမှောင်ခင်းထားတဲ့ငါ့ကမ္ဘာငယ်
မျက်လုံးကတနေ့တာနှုတ်ဆက်
တရှပ်ရှပ်မြည်နေသော
အလွမ်းရဲ့ခြေလှမ်းသံ........
နွမ်းလျနေတဲ့နှလုံးသားမှာ
မျက်နှာများတဲ့အချစ်ဆိပ်
တိတ်တိတ်နေတဲ့ပတ်ဝန်းကျင်ကြောင့်
တရိပ်ရိပ်လောင်ကျွမ်း
ပြာနှမ်းနေသောငါ့အသည်း.........
အဖော်မဲ့လက်တစ်စုံနဲ့
ပျော်ခဲ့တဲ့သတ်ပုံနေ့တွေကို
အမှတ်တမဲ့ရေတွက်
မနေတတ်တဲ့ငါ့နှလုံးသားကို
နေတတ်ဖို့အမိန့်ပြန်ဦးမလား............
မင်းမရှိတဲ့ညတွေက
အလင်းမသိတဲ့လင်းနို့တစ်ကောင်လို
စိတ်စေရာနား စိတ်စေရာသွား
မင်းဆီကတစ်ဖ၀ါးမှမခွာ
ငါကိုယ်ငါတောင်အမြင်ကတ်မလား.… ဆက်လက်ဖတ်ရှုရန်

Posted on သြဂုတ် 13, 2009 at 8:51pm — 1 Comment

Tha Ka

အလွမ်းပြည်ထဲကလူ

ညတစ်ခုရဲ့အလှကို
ကြယ်လေးတွေကြွေပြရင်း
အသက်ဝင်အောင်ဖော်ကျူးကြတယ်
မင်းဘ၀ရဲ့ခဏတာလေးကို
ငါ့အချစ်တွေကြွေပြရင်း
အလှဆင်ပေးခဲ့တယ်
အသက်မ၀င်နိုင်ခဲ့ပေမယ့်
အသက်သွင်းနိုင်ခဲ့တယ်လို့အာရုံမှားခဲ့မိတယ်............
ကမ္ဘာဦးကတည်းကလှနေတဲ့
မြေနင်းကြယ်လေးတွေ
အရင်တုန်းကတော့ဒဏ္ဍာရီဆန်ဆန်
ခုတော့ကဗျာဆန်ဆန်ပေါ့ကွာ
ငါ့ရဲ့အချစ်တွေလေ
ကြယ်စင်လိုလင်းလက်ပြတော့လဲ
မင်းအတွက်ကဗျာမဆန်ခဲ့သလို
ကြွေဆင်းပြပြန်ခဲ့လဲ
မင်းဆုတောင်းရုံကလွဲရင်
မင်းအတွက်အလင်္ကာမမြောက်ခဲ့ဘူး............
ခုတော့ကွာ
ငါ့အချစ်တွေ
ကြွေဆင်းမြေနင်းနေတုန်း
ငါ့အလွမ်းတွေ
သည်း… ဆက်လက်ဖတ်ရှုရန်

Posted on ဧပြီ 28, 2009 at 11:40am — 2 Comments

Tha Ka

ငါ့အပြစ်နဲ့ငါ

ငါ့အလုံပိတ်အခန်းထဲ
ငါ့အလွမ်းတွေနဲ့
ငါ့ကိုယ်ငါမှင်တက်လို့
ငါ့ဟာငါမွန်းကျပ်လို့
ငါကိုယ်တိုင်ကူးခတ်လို့.......
ငါ့အသိစိတ်တစ်စက်ကြောင့်
ငါ့တံခါးတစ်ချက်ကိုဖွင့်
ငါ့ပြတင်းဝက
ငါ့အလွမ်းတွေခုန်ဆင်း
ငါ့အတိတ်တွေကို
ငါနဲ့ခပ်စိမ်းစိမ်းလေညှင်းတွေက
ငါ့သွေးသားဆီရိုက်ခတ်.......
ငါ့ရင်နာရတဲ့အထဲ
ငါ့မျက်ရည်တွေတွဲလွဲခို
ငါထပ်ငိုရတာပဲအဖတ်တင်တယ်......

Posted on ဧပြီ 27, 2009 at 11:12am — 1 Comment

Comment Wall (151 comments)

You need to be a member of မြန်မာသူငယ်ချင်းများနေ့ to add comments!

ပေါင်းစည်း

At 9:50am on ဒီဇင်ဘာ 25, 2009, တောသူမလေး said…
ပျော်စရာခရစ္စမတ်နေ့လေးမှာ
စိတ်သစ်လူသစ်နဲ့ငြိမ်းချမ်းခြင်းလေးဟာနယ်မှာ
ပျော်ရွှင်ခြင်းပန်းလေးတွေကောက်လို့
သောကအပူဟူသမျှ မြူမှုန်မျှမကျန်ရှိပဲ
ကမ်းစပ်ပင်လယ်လိုကင်းဝေးစွာနဲ့
ဘ၀ခရီးကိုလျှောက်လှမ်းနိုင်ပါစေလို့..
ဆုတောင်းပေးလိုက်ရပါတယ်ရှင့်..
ပျော်ရွှင်နိုင်ကြပါစေ..
At 10:48am on ဒီဇင်ဘာ 12, 2009, တောသူမလေး said…
သူငယ်ချင်းရေ
ယနေ့မှာကျရောက်သောတောသူလေးမွေးနေ့မှာ..
တောသူနှင့်အတူ အားလုံးပဲပျော်ရွှင်နိုင်ကြပါစေရှင့်..
နံနက်စာမွေးနေ့ကိတ်နဲ့ ကော်ဖ်ီပို့လိုက်ပါတယ်..
ပျော်ရွှင်စွာသုံးဆောင်ပါအုံးရှင်..
စားလို့ဝရင်တော့လာဆုတောင်းပေးပါအုံးရှင့်..ဟီးဟီး :))


border='0' alt='Halloween text' title='pookatoo.com image'>


content/uploads/2009/03/coffee.jpg'>

At 4:52pm on ဒီဇင်ဘာ 5, 2009, Lyrics said…
လာတောင်မလည်ဘူး
စိတ်ပုတ်
At 9:06pm on နိုဝင်ဘာ 23, 2009, မိုးစက်ပွင့်လေး said…
လာလည်ပါတယ် သူငယ်ချင်းရေ........

Photobucket
At 4:18pm on နိုဝင်ဘာ 23, 2009, Lyrics said…
ပြန်လာပီတဲ့လား
သတင်းတွေကြားတယ်နော်
ဘာတဲ့ စူပါနဲ့ရူပါက တောင်ကြီးမှာနာမည်ကြီးဆိုပဲ ဆိုပဲ အဟီ
ဘာတွေလုပ်နေလဲဟ
မတွေ့တာတောင်ကြာပီ
At 12:32pm on နိုဝင်ဘာ 23, 2009, မေနိုး said…
ကဗျာလေးတင်တဲ့ ဧပြီ 20 ကတည်းက comment ပေးနေတာလေ ကွန်းကမကောင်းတော့ ဒီနေ့မှာ ပြောလိုက်မယ်နော် ..... ချစ်တဲ့သူနှစ်ဦး ပျော်ရွှင်နိုင်ကြပါစေလို့ နော် ...........
At 7:37pm on နိုဝင်ဘာ 21, 2009, kyaw2naing said…
*ရှေးရေစက်ဆိုတာမယုံလို့ 
ဘေးထွက်ခုန်နေတော့လဲ
ကံကြမ္မာကနှပ်စက်ပြန်တော့
စိတ်ပျက်လှပြီဗျာ-------
*အိပ်မ၀တဲ့ညတွေအတွက်
အိမ်မက်တွေကို--လိုက်ရှာရင်း
ဝေဒနာအရှုံးတွေနဲ့ 
ဘ၀ကိုနိဂုံးချုပ်စေတယ်-------
*ညှာတာမှုဆိုတာတွေ
မလိုချင်တော့ပါဘူး--
စိတ်ကူးရနံ့ တွေ
ပြန်မသစ်ချင်တော့လို့ 
စိန်ပန်းပွင့်တွေရဲ့ကြားမှာ
ငါတယောက်ထဲ----ထိုင်နေပါရစေ-----
ခွင့်ပြုပါ-------------ထိုင်ခုံအိုလေးရယ်----။
At 10:56am on နိုဝင်ဘာ 20, 2009, တောသူမလေး said…
ဟုတ်ကဲ့ဒီကလည်းလာလည်တာကိုပဲကျေးဇူးတင်လှပါပြီ..
[ Click Me ]

At 7:00pm on နိုဝင်ဘာ 19, 2009, ဂျေဂျူဝိုင် said…
အလည်လာသွားပါတယ် သခ
At 11:15am on နိုဝင်ဘာ 8, 2009, ဘကြိုင် said…
ပျော်ရွင်ဖွယ်ရာမွေးနေ့လေးပါ
Tha Ka' ရဲ့ မွေးနေ့မှာ မင်္ဂလာအပေါင်းနဲ့ ပြည့်စုံပါစေ....မြန်မာသူငယ်ချင်းများနေ့အက်
မင်းများကိုယ်စားမွေးနေ့ဆုတောင်းပေးပါတယ်..
ပျောက်နေတာကြာပြီနော်း) ပျော်ရွင်ပါစေ
 
 
Horoscope by စံ-ဇာဏီဘို
Till 31th December


WiNet
Internet Access
72st Bet: 29 & 30
Open Daily
9:00AM-11:00PM
Mandalay

Today Promotion
NOTHING SPECIAL!

Promotion Tomorrow (28.12.209)
ဆယ်နာရီ Member card ပြုလုပ်သူတိုင်း တော်ဝင်ထမင်းဆိုင်တွင် ထမင်းစားခွင့်လက်မှတ် ရပါမည်။
အ၀စား

Promotion ကို တစ်ရက်လျှင် ပုံစံတစ်မျိုး ပေးသွားပါမည်။

Promotion ကာလ
25th to 31th
2009 December




ရန်ကုန်ရှိ မောင်မယ်များ စာအုပ်လှူဒါန်းလိုသူတိုင်း အထက်ပါပုံကို ထောက်၍ စာရင်းပေးသွင်းနိုင်ပါသည်



မန္တလေးရှိ မောင်မယ်များ စာအုပ်လှူဒါန်းလိုသူတိုင်း အထက်ပါပုံကို ထောက်၍ စာရင်းပေးသွင်းနိုင်ပါသည်


တံမြတ်စည်း
တံမြတ်စည်းလှဲလိုသူတိုင်း အထက်ပါပုံကို ထောက်၍ စာရင်းပေးသွင်းနိုင်ပါသည်

Plastic မသုံးခြင်းဖြင့်
ကမ္ဘာမြေကိုကယ်တင်မယ်
 

© 2009   Created by ADMIN on Ning.   Create a Ning Network!

Badges  |  Report an Issue  |  Privacy  |  Terms of Service

Sign in to chat