မြန်မာသူငယ်ချင်းများနေ့ site နှင့် ပက်သက်သည့် စည်းကမ်းချက်များ
၁။ မြန်မာသူငယ်ချင်းများနေ့အဖွဲ့
site လေးသည် မြန်မာသူငယ်ချင်းများ ဆုံဆည်းနိုင်ဖို့ရာ စုစည်းခြင်းဖြစ်သဖြင့် သူငယ်ချင်းများအားလုံး
site လေးကို ၀ိုင်းဝန်းထိန်းသိမ်းရပါမည်။
၂။ လက်ရှိပြည်ထောင်စုမြန်မာနိုင်ငံတော်မှ ပြဌာန်းထားသော ဥပဒေများကို ကျူးလွန်ခြင်းခွင့်မပြုပါ။
၃။ သူငယ်ချင်း အချင်းချင်း ရန်သဘောဆောင်သော စကားများ ၊ ယဉ်ကျေးမှူနှင့်မဆီလျော်သောစကားများ နှင့် မြန်မာလူမျိုးတို့နှင့် မအပ်စပ်သော စကားကို ပြောဆိုခြင်း ၊
Message ပို့ခြင်း နှင့်
Blog တင်ခြင်းခွင့်ပြုမည်မဟုတ်ပါ။
၎။ ယဉ်ကျေးမှူနှင့် မဆီလျော်သော ပုံများ ဗီဒီယိုများ တင်ထားခြင်းကို ခွင့်ပြုမည်မဟုတ်ပါ။
၅။ site လေးကို အဖျက်သဘောဆောင်သည့် ကိစ္စရပ်များမှန်သမျှ ခွင့်မပြုပါ။
Blog နှင့်ပက်သက်သောစည်းကမ်းများ
၁။ ဥပဒေနှင့် မလွတ်ကင်းသော
postများ အကျိုးမရှိသော
postများ တင်ခွင့်မပြုပါ။
၂။ Tag ၌ ၀တ္ထု ၊ ကဗျာ ၊ ဆောင်းပါး ၊ ရသ ၊ ဟာသ ၊ ကာတွန်း ၊ နည်းပညာ ၊ ဗေဒင် ၊ အခြား ထည့်ပါ။
၃။ Forward mail မှ ရသော
post နှင့် တစ်ပါးသူ၏
post ကို ယူသုံးခြင်းခွင့်မပြုပါ။
၎။ member တစ်ဦးသည် တစ်နေ့ကို
post တစ်ခုသာတင်ခွင့်ရှိသည်။
၅။ ပင်မစာမျက်နှာတွင် ရွေးချယ်ခံရ ပိုစ့်များသာ တင်ထားမည်။
Blog ဖောင်းပွမှူကို လက်တလော ကာကွယ်ထားခြင်းဖြစ်သည်။ ထို့ပြင် စည်းကမ်းနှင့်မညီညွတ်သော Blog များကို လိုက်လံဖျက်သိမ်းသွားပါမည်။
Chat & Forum နှင့်ပက်သက်သောစည်းကမ်းများ
၁။သူငယ်ချင်း အချင်းချင်း ရန်သဘောဆောင်သော စကားများ ပြောဆိုခွင့်မပြုပါ။
၂။သူငယ်ချင်း အချင်းချင်း ယဉ်ကျေးမှူနှင့်မဆီလျော်သောစကားများ ပြေဆိုခွင့်မပြုပါ။
၃။သူငယ်ချင်း အချင်းချင်း မြန်မာလူမျိုးတို့နှင့် မအပ်စပ်သော စကားကို ပြောဆိုခွင့်မပြုပါ။
Video & Photo နှင့်ပက်သက်သောစည်းကမ်းများ
၁။ ဥပဒေနှင့် မလွတ်ကင်းသော
video & photoများ အကျိုးမရှိသော
videoများ တင်ခွင့်မပြုပါ။
၂။ သူငယ်ချင်း အချင်းချင်း ကြည့်ရှု၍ မသင့်တော်သော
video & photo များ တင်ခွင့်မပြုပါ။
စည်းကမ်းနှင့်မညီညွတ်သော Video များကို လိုက်လံဖျက်သိမ်းသွားပါမည်။
Group နှင့်ပက်သက်သောစည်းကမ်းများ
၁။ ဥပဒေနှင့် မလွတ်ကင်းသော အဖွဲ့များ အကျိုးမရှိသော အဖွဲ့များ ဖွဲ့ခွင့်မပြုပါ။
၂။ အုပ်စုဖွဲ့များကို အပျော်တမ်းဖွဲ့ခွင့်မပြုပါ။
၃။ ပြင်ပ၌ အမှန်တကယ်လှုပ်ရှားသက်ဝင်သော အုပ်စုများကိုသာ ဖွဲ့ခွင့်ပြုပါမည်။
( ဥပမာ -
AIDS တိုက်ဖျက်ရေးအသင်း ၊ တောင်တက်အသင်း အစရှိသည့် လူမှူရေး ၊ ပရဟိသ ၊ အားကစားနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးအသင်းများကိုသာ ဖွဲ့ခွင့်ပြုပါမည်။ )
Group များ ဖွဲ့လိုလျှင် ADMIN ထံ ခွင့်တောင်းပါရန်။
အထက်ပါ စည်းကမ်းချက်များကို အတန်တန်တားမြစ်ထားသည့်ကြားက ချိုးဖောက်ခဲ့ပါလျှင် အကြောင်းပြချက်မရှိ ၊ ဖြေရှင်းခြင်းမရှိ ၊ အကြောင်းကြားခြင်းမရှိ site မှ ထုတ်ပယ်ပါမည်။ မည့်သည့်စည်းကမ်းချက်များက ပေါ့ပါးပြီး ၊ မည်သည့်စည်းကမ်းချက်များက လေးနက်သည်ကို သူငယ်ချင်းများ သိပါလိမ့်မည်။ လေးနက်စွာချမှတ်ထားသောစည်းကမ်းကို ပိတ်ပင်တားမြစ်ထားသည့်ကြားက ဖောက်ဖျက်လာပါလျှင်မှု ထိုသူငယ်ချင်းအား Ban ပါမည်။ အကြောင်းကြောင်းကြောင့် member အား ban ခြင်းမှ လွှဲ၍ အခြားကိစ္စများကို ပြန်လည်ရှင်းပြ အကြောင်းကြားမည်မဟုတ်ပါ။ နားလည်မယ်လို့ ထင်ပါတယ်။
Member ဟောင်းများသတိပြုရန် ယခင်က သင်စိတ်အ၀င်စားဆုံးဆိုက်တစ်ခုအမေးနေရာမှာ သူငယ်ချင်းဆိုတာအမေးကို ထည့်သွင်းထားပါသည်။ အဖြေများပြန်လည်ပြုပြင်စေချင်ပါသည်။
တစ်စုံတစ်ယောက်က ချမှတ်စည်းကမ်းများ ကျူးလွန်နေသည်ကို တွေ့ရှိပါက
admin@myanmarfriendsday.com ကို
mail ပေးပို့တိုင်ကြားနိုင်ပါသည်။
လေးစားစွာဖြင့်
မြန်မာသူငယ်ချင်းများနေ့အဖွဲ့အက်မင်များ